ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊
ဦးထက်တင်ထား၊ ရိုညွတ်တွား၍၊
သားနှင့်မိဘ၊ တပည့်စသည်၊
ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည့်တာကြောင့်၊
သုတ်ပါထယျ၊ ကျမ်း၌ပြသည်၊
လောကကျင့်ရာ၊ အကျဉ်းမှာပိမ့်။
နတ်ရွာဖို့ လုံး၊ ကျက်၍သုံး။
သားသမီးကျင့်ဝတ်ငါးပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့ တာ။
မိဘကျင့်ဝတ်ငါးပါး
မကောင်းမြစ်တာ၊ ကောင်းရာညွန်လတ်၊
အတတ်သင်စေ၊ ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊
ဖခင်မယ်တို့ တာ။
တပည့်ကျင့်ဝတ်ငါးပါး
ညီညာထကြွ၊ ဆုံးမနာယူ၊
လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊
သင်တွေးအံရွတ်၊ တပည့်ဝတ်၊
မချွတ်ငါးခုသာ။
ဆရာကျင့်ဝတ်ငါးပါး
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့ ၊ ဆရာတို့ ၊
ကျင့်ဖို့ ဝတ်ငါးဖြာ။
လင်ကျင့်ဝတ်ငါးပါး
မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊
မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊
မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ။
မယားကျင့်ဝတ်ငါးပါး
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊
မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့် ချီ၊
ပျင်းရိမမူ၊ ၀တ်ငါးဆူ၊
အိမ်သူကျင့်အပ်စွာ။
မိတ်ဆွေကျင့်ဝတ်ငါးပါး
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊
သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊
ကျင့်လေ မိတ်သဟာ။
သခင်ကျင့်ဝတ်ငါးပါး
ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊
နာလျှင်ကုစေ၊ ငှဝေရသာ၊
အခါကိုလွတ်၊ အရှင်ဝတ်၊
မချွတ်ငါးခုသာ။
ကျွန်ကျင့်ဝတ်ငါးပါး
အိပ်သော်နောက်ကျ၊ ထသော်ကားရှေး၊
ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊
ကျေးဇူးမြွက်၊
ငါးချက်ကျွန်ကျင့်ရာ။
ဒါယကာကျင့်ဝတ်ငါးပါး
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊
ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊
တတ်အားလှူစေ၊ ၀တ်ငါးထွေ၊
ပြုလေဒါယကာ။
ရဟန်းကျင့်ဝတ်ငါးပါး
မကောင်းမြစ်တာ၊ ကောင်းရာညွန်လစ်၊
အသစ်ဟောကြူး၊ နာဖူးထပ်မံ၊
နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊
ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။
အကြီးအကဲကျင့်ဝတ်ခြောက်ပါး
ထကြွ - နိုးကြား၊ သနား - သည်းခံ၊
ဝေဖန်- ကြည့်ရှု ဤခြောက်ခုကား
ကြီးသူကျင့်ရာ တရားတည်း။
ကျမ်းသိင်္ဂါလ၊ သုတ်ဝယ်ပြ၊ သုံးဝမြတ်ဆရာ။
ကျင့်ဝတ်မပြေ၊ ပါယ်လေးထွေ၊ လားလေရှည်မြင့်ကြာ၊
ဤသည်ဝတ်ကုန်၊ ဆွေမျိုးစုံ၊ ခြောက်ဘုံထက်နတ်ရွာ။
လှည်းဘီးပြင်က၊ နားစောင့်ချသို့ ၊ မိဘနှင့်သား၊
မယားနှင့်လင်၊ အရှင်နှင့်ကျွန်၊ ထေရ်မွန်ဒကာ၊
မိတ်သဟာနှင့်၊ ဆရာတပည့်၊ တည်တည့်မတ်မတ်၊
ကျင့်ဝတ်စုံလင်၊ ဖြူသန့် စင်မှု၊
ရှင်လည်းမကွေ၊ သေလည်းမကာ၊ နတ်ရွာလူ့ ပြည်၊
လှည့်လည်အတူ၊ ခံစားမှု၍၊ နိဗ္ဗူရွှေပြည်၊
ဝင်အံ့သည်တည့်၊
မတည်ကျင့်ဝတ်၊ ချွတ်သူတို့ မှာ၊ မလွတ်သာသည်၊
လေးရွာဖို့လုံး လူဖြစ်ရှုံး။
Print this post
No comments:
Post a Comment